[email protected] Message us on Facebook
Yangon Lifestyle Furniture Fair
Hotline : 09791089088 , 09791088955

Welcome to Yangon International Lifestyle Furniture Fair

Thousand Islands Business Group မှ ဦးဆောင်၍ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော The 21st Yangon International Lifestyle Furniture Fair - 2020 (မြန်မာနှစ်သစ်ကူးအကြို ပရိဘောဂပြပွဲကြီး) ကို ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် (၂၆.၃.၂၀၂၀)ရက်နေ့မှ (၃၀.၃.၂၀၂၀)ရက်နေ့အထိ (၅)ရက်တိုင်တိုင် စည်ကားသိုက် မြိုက်အောင်မြင်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ The 21st Yangon International Lifestyle Furniture Fair - 2020 (မြန်မာနှစ်သစ်ကူးအကြို ပရိဘောဂပြပွဲကြီး) မှ ပြခန်းပေါင်း (၁၉၈)ခန်းတွင် ပြည်တွင်း၊ပြည်ပ ကုမ္ပဏီပေါင်း (၄၀)ကျော်မှ ခေတ်မီဆန်းသစ်လှပပြီး အရည်အသွေးမြင့်မားသည့် အိပ်ခန်း၊ ရုံးခန်းသုံး ပြည်တွင်းထုတ်ကုန် ပရိဘောဂများနှင့် ပြည်ပသွင်းကုန် ပရိဘောဂများ အိမ်ထောင်ခန်းဝင် ပရိဘောဂများ၊ ဥယျာဉ်သုံး ပရိဘောဂများ၊ ကြမ်းခင်းများ၊ အိမ်တွင်း/အိမ်ပြင် အလှဆင် ပရိဘောဂများနှင့် ပရိဘောဂ ဆက်စပ်ပစ္စည်း များကို အထူးစျေးနူန်းမျာ းဖြင့်‌ ရောင်းချ‌ပေးသွားမည် ဖြစ်ပြီး ဝယ်ယူအားပေးကြသည့် မိဘပြည်သူများ အနေဖြင့် တစ်နေရာတည်းမှာ တစ်စုတစ်ဝေးတည်း စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူနိုင်မည့် ပြပွဲကြီးဖြစ်ပါသည်။

ဝယ်ယူအားပေးကြသည့် မိဘပြည်သူများအတွက် ကံစမ်းမဲဆုကြီးများအဖြစ် LED 32" TV (၅)လုံး၊ Dunlopillo နှစ်ယောက်အိပ်မွေ့ယာ (၁)ခု၊ Sweety Home တစ်‌ယောက်အိပ် မွေ့ယာ (၁)ခု တို့အပြင် ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ ရေပူ/ ရေအေးစက် ၊ Freezer ၊ Air Cooler ၊ ထမင်းပေါင်းအိုး နှင့် YILFF Logo တံဆိပ်ပါ အမှတ်တရပစ္စည်းများကို ကံစမ်းမဲဖောက်ပေးသွားမည်ဖြစ်သည့်အတွက် ကြွရောက်ကြည့်ရှူ ဝယ်ယူအားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျား ......

Location map